Just another WordPress.com site

ဒီနေ့ မြ၀တီ ရုပ်မြင်သံကြားတစ်ပတ်အတွင်းသတင်းအစီအစဉ်ကို ထိုင်ကြည့်မိလိုက်တယ်။အဲဒီသတင်းတွေမှာ စာရေးသူအထူးဂရုပြုလိုက်မိတာတစ်ခုရှိတယ်။အဲဒါကတော့ တပ်မတော်တွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အမှန်တကယ်အလုပ်နဲ့ပေးဆပ်သူတွေဖြစ်ပြီး နိုင်ငံရေးပါတီခေါင်းဆောင်များနဲ့ နိုင်ငံရေးပါတီဝင်တွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဆိုသူတွေကတော့ စကားလုံးကြီးကြီးတွေပြောပြီး လေဖမ်းဒါန်းစီးနေသူတွေဖြစ်နေတယ်ဆိုတာပါပဲ။ တပ်မတော်သားတွေဟာ ပြည်သူအတွက် ပေးပို့လာတဲ့ စားသောက်ဖွယ်ရာတွေနဲ့ အ၀တ်အစားအသုံးအဆောင်ထုပ်တွေကို ခါးချည့်သွားသည်အထိ ပင်ပင်ပန်းပန်း သယ်ပိုးပို့ဆောင်နေကြတာကို တွေ့လိုက်ရပါတယ်။တစ်ခြားတစ်ဖက်မှာတော့ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီဝင်တွေကတော့ ပါတီရုံးခန်းဖွင့်ပွဲတွေ ၊ နိုင်ငံခြားလေ့လာရေးခရီးစဉ်တွေ နဲ့သာ အလုပ်များနေကြတာကိုပဲ တွေ့နေရတယ်။ ဒါကြောင့် တပ်မတော်သားတွေက ပြည်သူထဲက ပြည်သူ့သားကောင်းများပီပီ ပြည်သူကိုချစ်ကြောင်း အလုပ်နဲ့သက်သေပြကြသူတွေဖြစ်ပြီး နိုင်ငံရေးသမားတွေ ပါတီတွေကတော့ နှုတ်နဲ့သာချစ်ပြနေကြသူတွေ ဖြစ်တယ်လို့ ဆိုလိုက်ချင်တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: