Just another WordPress.com site

တက္ကသိုလ်မှာ ကုန်ဆုံးခဲ့ရတဲ့အချိန်တွေဟာ ဖြတ်သန်းခဲ့ဖူးကြသူတိုင်း အတွက် ဘ၀မှာ အမြဲလွမ်းမောနေရမယ့် အချိန်တွေပါ။ တချို့အတွက် ကြည်နူးစရာ၊ တချို့အတွက် ကြေကွဲစရာတွေဖြစ်စေခဲ့တဲ့ တက္ကသိုလ် မြေမှာ ပညာသင်ယူရတဲ့အချိန်တွေတင်မကဘဲ ချစ် ပုံပြင်တွေလည်း အများကြီးရှိပါတယ်။

ဟောဒီ ‘ပန်းကြာဝတ်မှုန်’ဆိုတာ အဲဒီ ချစ်ပုံပြင်တွေထဲကတစ်ခုပါ။

မူလက စာရေးဆရာမ ခင်ခင်ထူးရဲ့’ပန်းကြာဝတ်မှုန်’၊ အခုက ရုပ်ရှင် အနေနဲ့ ကြည့်ရှုခံစားရတော့မယ့် ‘ပန်းကြာဝတ်မှုန်’၊ ၁၉၈၀ ၀န်းကျင်မှာ မန္တလေးဒေသကောလိပ်ကို မြင်းခြံမြို့ကနေ ကျောင်းတက်ဖို့ သူငယ် ချင်းတွေနဲ့အတူ ရောက်လာတဲ့ ‘သီရိမေ’ နဲ့ ကလောမြို့က ကျောင်းလာ တက်တဲ့ ရှမ်းအမျိုးသား ‘အောင်နိုင်သူ’တို့ရဲ့ မန်း တက္ကသိုလ်မြေက သိမ်မွေ့တဲ့ ချစ်ပုံပြင်ဟာ ‘ပန်းကြာဝတ်မှုန်’ပါ။

တက္ကသိုလ်နယ်မြေမှာဆုံရင်း ၀ါသနာတူ၊ အကြိုက်တူတဲ့ အောင်နဲ့မေတို့ အနေ နီးစပ်ခဲ့၊ သံယောဇဉ်ကိုယ်စီ ရှိနေရက် နဲ့ အောင်က ဖွင့်ဟ၀န်ခံမှု မရှိသလို သီရိ မေကလည်း မိန်းကလေးတို့သဘာဝ စောင့်စည်းမှုတွေကြောင့် သူတို့နှစ်ဦးက သူငယ်ချင်းအဆင့်ထက် မပိုနိုင်ခဲ့။

ပညာ စုံလင်လို့ သူများတကာတွေ ကြင်ရာ တွေတောင် ဆုံသွားချိန်မှာ အောင်နဲ့ မေကတော့ တစ်ယောက်တစ်နေရာစီ ဝေးကွာသွား ခဲ့ကြပါတယ်။

အချစ်စစ်ဆို တာ ပွင့်ချိန်တန်မှ ပွင့်တတ်တဲ့ ကုမုဒြာ ကြာပန်းလေးတွေလိုပဲ အချိန်တန်တဲ့ အခါမှာ အောင်နဲ့မေတို့အတွက် ခံစား ချက်တွေကို ဖွင့်ဟနိုင်မယ့် အခြေအနေ အချိန်အခါမျိုး ဖြစ်လာမှာလား။

‘ပန်းကြာဝတ်မှုန်’ကို ရုပ်ရှင်အဖြစ် အသက်သွင်းဖို့ ဇာတ်ညွှန်းကို ဆရာမ ခင်ခင်ထူးရဲ့ ခင်ပွန်း စာရေးဆရာနေ၀င်း မြင့်ကပဲ ရေးပေးခဲ့ပါတယ်။

မူလကဒီ ဇာတ်အတွက် ရွေးချယ်ထားတဲ့ သရုပ် ဆောင်တချို့ရှိခဲ့ပေမယ့် ရိုက်ရက်အခက် အခဲရှိတာကြောင့် နောက်ဆုံးမှာတော့ ‘အောင်’အဖြစ် နိုင်းနိုင်း၊ ‘သီရိမေ’အဖြစ် သက်မွန်မြင့်နဲ့အတူ ဖြိုးငွေစိုး၊ စည်သူမောင်၊ ဇင်မျိုး၊ မေကဗျာ၊ ခင်လေးနွယ်၊ ဟေမာန် အောင်အောင်၊ သင်းသင်းယုလှိုင်၊ သီရိရှင်းသန့်၊ အခြားသောသရုပ် ဆောင်တွေနဲ့အတူအောင်မြင်စွာရိုက်ကူး နိုင်ခဲ့တယ်လို့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က မြန်မာတိုင်း(မ်) ကိုပြောပါတယ်။

၁၉၈၀ ၀န်းကျင်ခန့်က ကောလိပ် ကျောင်းသားကျောင်းသူတွေရဲ့ လူနေမှုဘ၀တွေ၊ မြန်မာ့ရိုးရာဟန်တွေ အများကြီး ထင်ဟပ်နေတဲ့ မူရင်းဝတ္ထုနဲ့ အနီးစပ်ဆုံးဖြစ်ဖို့ ရိုက်ကူးရတာ လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။

သရုပ်ဆောင်တွေကို သူတို့ရဲ့ဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် အတော်လေး ကြိုးပမ်းခဲ့ရတယ်လို့ သူကပြောပါတယ်။

“သက်မွန်ဆိုရင် သူ့ရဲ့ဇာတ်ရုပ်က မြင်းခြံက အညာသူ၊ မြန်မာအရမ်းဆန်တဲ့ မိန်းကလေးဇာတ်ရုပ်ဆိုတော့ သူ့မှာ အရမ်းကြိုးစား ရတယ်။ ကျွန်တော်ကလည်း စိတ်ကြိုက်မရမချင်း ရိုက်တယ်။သူ့အသံက နည်းနည်းဝဲပေမယ့် သူ့ ကြိုးစားမှုကြောင့် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ပါတယ်။ မေသန်းနု မင်းသမီး ဖြစ်တုန်းကလည်း ဒီလိုပဲ ကြိုးစားခဲ့ရတာပဲလေ” လို့ သူကဆိုပါတယ်။

ဒီဇာတ်ကားမှာ ၁၉၈၀ ၀န်းကျင်နဲ့ ၁၉၅၆ ၀န်းကျင်ခန့်က အခြေအနေမျိုးဖြစ်အောင် အ၀တ်အစား၊ အပြင်အဆင်ကအစ ဂရုစိုက်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားတွေရဲ့ဘ၀ကို ကြုံခဲ့ဖူးသူတိုင်း အမှတ်ရစေမယ့် နေရာတွေ၊ ဖြစ်တတ်တဲ့အဖြစ်အပျက်တွေ၊ ကျောင်းသား တွေ လုပ်တတ်တာတွေကိုပါ ထည့်သွင်းရိုက် ကူးထားတယ်လို့သိရပါတယ်။

“ဒီထဲက မြင်ကွင်းတွေက တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ဖူးသူတိုင်းရဲ့စိတ်မှာ အသစ်တစ်ဖန်ပြန်ဖြစ်နေရသလို ခံစားမိမှာပါ။ ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းက အဖြစ်လေးတွေကိုပါ ထည့်ရိုက်ထားတယ်” လို့ သူကဆိုပါတယ်။

ရိုက်ကူးခဲ့သမျှဇာတ်ကားတွေအနက် နည်းပညာပိုင်းမှာတော့ ဒီဇာတ်ကားကို အကြိုက်ဆုံးလို့ သူကဆိုပါတယ်။

“ဒီဇာတ်ကားရဲ့ အသံပိုင်းဆိုင်ရာတွေနဲ့ လိုအပ်တာတွေကို ဘန်ကောက်မှာ ရှိတဲ့ အမေရိကန်ကုမ္ပဏီမှာ ပြုလုပ်ခဲ့တာပါ။ ဘန်ကောက် မြို့ကြီးရေကြီးနေတဲ့ အချိန်မှာ ရက် ၂၀ လောက် ရေထဲဖြတ်ပြီး စတူဒီယိုကိုသွား မပြီးမချင်း လုပ်ခဲ့ရတဲ့ အတွေ့အကြုံကတော့ မမေ့ နိုင်စရာပဲ” လို့ သူကပြောပါတယ်။

အမြတ်အစွန်းရဖို့ ဟာသကားတွေပဲ ရိုက်ကူးမှု များနေချိန်မှာ ဒီလိုဒရာမာ ဇာတ်ကားကို အကုန်အကျခံရိုက်ကူးစေခဲ့တဲ့ ထုတ်လုပ် သူတွေကို ကျေးဇူးတင်တယ်လို့လည်း ဒါရိုက်တာစင်ရော်မောင်မောင်က ပြောပါတယ်။

“ဒီကားကို အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်က ရိုက်ဖို့လုပ်တယ်။ သူ့သမီးတွေက စီစဉ်တာပေါ့။ သူတို့က ဒီဝတ္ထုကိုပြတယ်၊ သူတို့ကကို အကြိမ် ၂၀ လောက်ဖတ်ထားပြီးပြီ။ ကျွန်တော် ဖတ်ကြည့်တော့လည်း ချက်ချင်းပဲကြိုက်သွားတယ်။ ဒီလို ဒရာမာကား တစ်ကားကို အကုန်အကျခံပြီး ရိုက်ကူးခွင့်ရဖို့က ခုချိန်မှာမလွယ်ဘူးလေ” လို့ သူက ပြောပါတယ်။

‘ပန်းကြာဝတ်မှုန်’ရဲ့ အဓိကဇာတ်ဝင် သီချင်းကို Lလွန်းဝါနဲ့ ချမ်းချမ်းတို့က သီဆိုထားပြီး တစ်ကားလုံးအတွက် ဂီတပိုင်းဆိုင်ရာကို အကယ်ဒမီဆုရှင် ဓီရာမိုရ် က တာဝန်ယူစီစဉ်ထားပါတယ်။

၂၀၁၁ ဇာတ်ကားစာရင်းထဲဝင်အောင် ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရန်ကုန်မြို့က မြို့နယ် တချို့နဲ့ တောင်ကြီးမြို့က ရုပ်ရှင်ရုံတွေမှာ တစ်ပတ်တာ ရုံတင်ခဲ့ပေမယ့် လာမယ့် ဇန်န၀ါရီလ ၂၁ ရက်နေ့မှာမှ ‘ပန်းကြာဝတ်မှုန်’ရဲ့ အထူးပွဲကို ပြသမှာဖြစ်ပြီး ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေမှာ မကြာမီ ကြည့်ရှုရတော့မှာပါ။

Comments on: "ဇန်န၀ါရီလ ၂၁ ရက်နေ့က အထူးပွဲပြသခဲ့သည့် ပန်းကြာဝတ်မှုန် ရုပ်ရျင်ဇာတ်ကားကြီး" (1)

  1. မူရင်းစာသားများသည် မြန်မာတိုင်းမ်ဂျာနယ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: