Just another WordPress.com site

နယုန်လပြည့်နေ့ကလည်း ကျော့ကို အရမ်းလွမ်းခဲ့ရတယ်။လာမယ့် ၀ါဆိုလပြည့်နေ့မှာလည်း ကျော့ကို လွမ်းနေရဦးးမလားဆိုတာ တွေးနေမိတယ်။ ဒါကြောင့် ၀ါဆိုလပြည့်နေ့ကို ရောက်လာမှာကို ကိုကိုတွေးကြောက်နေမိတယ်။ နယုန်လပြည့်နေ့က ကျော့နဲ့ ဘုရားသွားမယ်ဆိုတဲ့ စိတ်ကူးပျက်ခဲ့ရ သလို လာမည့် ၀ါဆိုလပြည့်နေ့မှာလည်း ကျော့ရဲ့ မပြတ်သားမှုတွေ ၊ တွေဝေမှုတွေကြောင့် ကိုကိုပဲ လွမ်းနေရဦးမှာပါပဲ။ ကိုကိုတို့နှစ်ဦးကြားက ကျော့ရောကိုကိုပါ ကျော်ဖြတ်ဖို့ ခက်နေတဲ့ အတားအဆီးတွေကိုတွေးမိရင် ကိုကိုရင်ဆိုင်ဖို့ ကြောက်နေသလို ကိုကိုနဲ့ အတူ ခက်ခဲကြမ်းတမ်းမယ့် ဘ၀ခရီးကို ကျော့ ရင်ဆိုင်ဖို့ တွေဝေနောက်တွန့်နေတယ်ဆိုတာလည်း ကိုကိုနားလည်ပါတယ်။ ရွှေလင်ပန်းနဲ့ အချင်းဆေးပြီး ရွှေဇွန်းကိုက် မွေးလာတဲ့ေ၇ွှမင်းသမီးလေးဖြစ်တော့လည်း လက်ရှိဘ၀မှာ ချမ်းမြေ့သာယာမှုတွေကို ကိုကိုမဟုတ်တဲ့ အကြောင်းပြချက်တစ်ခုပေးပြီး ကိုကို့်နောက်လိုက်ခဲ့ရမှာကို တော်တော်စဉ်းစားနေမိမယ်လို့ လည်းတွေးမိပါတယ်။အရင်တုန်းက ကိုကို့နောက်ကို လိုက်ဖို့ တွေဝေနေခဲ့တဲ့ ရည်းစားဟောင်းတွေကို အလွယ်တကူ မုန်းနိုင်မေ့နိုင်ခဲ့ပေမယ့် ကျော့နဲ့ ကျမှ ကိုကို့နှလုံးသားတွေက ဘာကြောင့်အလွယ်တကူ မမေ့နိုင်မမုန်းနိုင် ဖြစ်နေရတယ်ဆိုတာ ကိုကို့ကို ကိုကိုကိုယ်တိုင် နားမလည်နိုင်အောင်ဖြစ်နေရတယ်။ ဘာကြောင့် ကျော့ကို တမ်းတမ်းတတဖြစ်နေရတယ်ဆိုတာလည်း မသိတော့ပါဘူး။အရင်က ကိုကို့ရင်ထဲက ထုတ်ပစ်ခဲ့တဲ့ မိန်းမတွေကို ပြန်ပြီးမမြင်ချင်လောက်အောင် နေနိုင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျော့ကို တွေ့လိုတွေ့ငြား ကျော့ပတ်ဝန်းကျင်မှာ  ကိုကိုရောက်နေမိတယ်။

မနက်ဖြန်စာမေးပွဲဖြေရမှာ ဖြစ်ပေမယ့် စာကျက်ဖို့ စိတ်မပါသလို အိမ်မှာရှိတဲ့ ကျော့ပေးထားတဲ့ ချစ်လက်ဆောင်တွေမြင်ရမှာကိုလည်း ကိုကိုကြောက်နေမိတယ်။အိမ်မှာနေရမှာကိုလည်း စိတ်မပါဘူးဖြစ်နေတယ်။အချစ်စစ်မှန်ရင် မချောမွေ့နိုင်မှန်းသိနေပေမယ့်လည်း ကျော့ကို ကိုကို ဆုံးရှုံးရမလားဆိုတာကို တစ်ခဏတာလေးစဉ်းစားမိရင်တောင်မှ မခံရပ်နိုင်အောင် ရင်ထဲမှာနာရတယ်။ လက်ရှိဘ၀ကို ရေစုန်မျှောနေချင်လောက်အောင် ခံစားနေရပေမယ့်လည်း ကျော့မုန်းတဲ့ ပျော့ညံ့ညံ့ ယောကျာ်းတစ်ယောက်ဖြစ်သွားမှာကိုလည်း ကိုကိုမလိုလာပါဘူးကွာ။  အသက်နှစ်ဆယ်ကျော်တုန်းက တောင် ကိုကိုကိုမုန်းတယ်ပြောတဲ့ ရည်းစားဟောင်းတွေကို ပြတ်ပြတ်သားသားနေနိုင်ခဲ့သေးတယ်။ အခုလို ရင့်ကျက်သင့် တည်ငြိမ်သင့်တဲ့ ကာလရောက်မှ  ဘာကြောင့် ဆယ်ကျော်သက်လေးတစ်ယောက်လို တွေးနေလုပ်နေမိတယ်ဆိုတာလည်း စဉ်းစားရခက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: