Just another WordPress.com site

ကျွန်တော်ချစ်ရတဲ့ သူ့ရဲ့ဘ၀က အရမ်းသနားစရာ ကောင်းတယ်။သူရဲ့သနားစရာကောင်းတဲ့အကြောင်းတွေ ကြောင့် သူ့ကို ပိုချစ်မိသွားတယ်။သူကိုယ်တိုင် မပြောပေမယ့် သူ့စိတ်ထဲမှာ ကိုယ့်ကို ချစ်နေ တယ်ဆိုတာ သိလိုက်ရတယ်။ သူက မြန်မာအမျိုး သမီးတစ်ယောက်စောင့်စည်းသင့်တဲ့ အရာအားလုံး ကို စောင့်စည်းထိန်းသိမ်းတတ်တယ်။ ကိုယ့်စိတ်ထဲ မှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေအားလုံးကို မျိုသိပ် နိုင်စွမ်းရှိတယ်။
အဲဒါတွေကြောင့်လည်း သူ့ကို အထင်ကြီးမြတ်နိုး သွားမိတယ်။သူ့စကားတွေထဲမှာ ကိုယ့်ဖုန်း မျှော် နေမိတယ်။ ကိုယ်နဲ့စကားပြောရတာကို ကျေနပ် တယ်။ ဆိုတာတွေ သိလိုက်၇တော့ သူ့ကို အရမ်း ပိုင်ဆိုင်ချင်တယ်။ သူ့လက်က မီးပူလောင်တဲ့ ဒဏ်ရာ ကို မြင်လိုက်ရတော့ သနားသွားတယ်။ အရွယ်နဲ့ မမျှ အောင် သူဖြတ်သန်းခဲ့ရတဲ့ ဘ၀က ကြမ်းတမ်း ခက်ထန်လိုက်တာ။ အင်း ကိုယ့်ခံစားချက်တွေ ချည်း ရေးနေလို့ မဖြစ်သေးပါဘူးလေ။
ဇာတ်လမ်းအစက ဒီလို။ သူနဲ့ ဖုန်းပြောဖြစ်တဲ့ ပြီးခဲ့တဲ့စနေနေ့က သူနဲ့ ညောင်ရေသွန်း ပွဲတော် အတူတူသွားချင်တယ်လို့ ကိုယ်ပြောမိခဲ့တယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ သူခွင့်ပြုလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ အဲဒါနဲ့ (၁၆-၅-၂၀၁၁)တနလာင်္နေ့ ရောက်လာခဲ့တယ်။ နေ့လယ်တစ်နာရီလောက်မှာ ကိုယ့်ရုံးကို သူ့ဆီကဖုန်းဝင်လာတယ်။ သူခွင့်ပြုတဲ့ အထာလေးကလည်း တကယ်ချစ်စရာကောင်းတယ်။
သူက ဒီလိုပြောတယ်။ အစ်ကို မနက်ဖြန် ညောင်ရေ သွန်းမှာက ဘယ်ဘုရား မှာလဲ။ ညီမ လာဖြစ်ရင်လာ ဖြစ်မှာ။ အဲ့ဒါ ဘယ်နေရာမှာ စောင့်နေမလဲ။ ကိုယ်က စနေထောင့်မှာ စောင့်နေမယ်ဆိုတော့ သူက မတင် မကျပြောပြီး မူယာမာယာများသွားသေးတယ်။
ဒါနဲ့ ကိုယ်လည်း အရမ်းမျှော်လင့်မထားရဲဘူးလေ။ ဒီလိုနဲ့ ကဆုန်လပြည့်နေ့ မနက်ကိုးနာရီခွဲကို ရောက်လာခဲ့တယ်။ ဖုန်းဆက်မေးချင်လို့ misscall ခေါ်လိုက်တယ်။သူက ချက်ချင်းပြန်ခေါ်တယ်။သူ ရေချိုးနေတာ။ ကိုရော ခုထိ ဘုရားပေါ်မရောက် သေးဘူးလားတဲ့။ အဲဒီလိုကို တော်တာသူက။ ဖုန်းကို ဟန်းဆက်မကိုင်တာကို သူသိနေတယ်လေ။ ချိန်း တာက ကို။ စောရောက်နေတာက ချစ်လေး။ ချစ်လေးလို့ ပဲ ခေါ်တော့မယ်။ အနက်ရောင် ၀မ်းဆက်နဲ့ လှလိုက်တာဗျာ။ လက်ကိုင်အိတ် လေး ကလည်းချစ်စရာလေ။ဘုရားလှူဖို့အတွက် နှင်းဆီပန်းစည်းအနီရောင်တစ်စည်းကို လက်ကိုင် ထားတဲ့ သူ့အလှက မင်သပ်မိသွားစေလိုက်တာ။
သူ့ကိုတွေ့တော့ သူ့ရဲ့မွေးနံထောင့် တနလာင်္ ဂြိုဟ်တိုင်ရှိတဲ့ အရှေ့ဘက်စောင်းတန်းဘက်ကို အရင်သွားလိုက်တယ်။ သူဂြိုဟ်တိုင်မှာ ပန်းကပ် ရေလှူနေတာကို စောင့်ရင်း အာရုံခံတန်ဆောင်းပေါ် တက်ထိုင်လိုက်တယ်။ အာရုံခံတန်ဆောင်းပေါ်ကို သူတက်လာမှ သူနဲ့ အတူ ဘုရားဝတ်ပြုလိုက်တယ်။ သူနဲ့စကားပြောရင်း အမှတ်မထင် သူ့လက်မှာ ပလာစတာကပ်ထားတာကို မြင် လိုက်ရလို့ ဘာဖြစ်တာလဲလို့မေးမိတယ်။ အိုးပူလောင်တာလို့ သူပြောပြတော့ စိတ်ထဲမှာ မကောင်းဖြစ်မိတယ်။
စကားပြောနေရင်း ကိယ့်စိတ်နဲ့ သူ့အတွေး တိုက်ဆိုင်သွားတာ တစ်ခု ဖြစ်သွားသေးတယ်။ ကိုယ်ကလည်း သူများဆာနေမလားမေးမိသလို သူကလည်း ကိုယ်ဆာနေမလားဆိုပြီး တစ်ပြိုင်တည်းမေးမိတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: