Just another WordPress.com site

ဆရာဝန်တင်ရွှေစာပေဆုနှင့်

သုတစွယ်စုံ စာပေဆုပေးပွဲများ ကျင်းပ

ဇွန်ပန်းပွင့်
အတွဲ ၂၆ ၊ အမှတ် ၅၁၆ (၆ – ၁၂ ၊ ၅ ၊ ၂၀၁၁)

ဆရာဝန်တင်ရွှေ စာပေဆုပေးအပ်ပွဲတွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ဆရာဝန်တင်ရွှေ၏ဇနီး ဒေါ်အေးသန့်နှင့် ဆုရရှိသူတစ်ဦးဖြစ်သူ ပါမောက္ခ ဒေါက်တာမြင့်မောင်မောင် အားတွေ့ရစဉ်။
ဓာတ်ပုံ – လွင်မောင်မောင်

၂၀၀၉ ခုနှစ်အတွက် ဆရာဝန်တင်ရွှေ စာပေဆုနှင့် သုတစွယ်စုံစာပေဆု ချီးမြှင့် ပွဲများကို မေလ ၁ ရက်နေ့ နံနက်နှင့် ညနေပိုင်းတို့တွင် အသီး သီးကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ တက် ရောက်အားပေးခဲ့ကြသည်။

နံနက် ၉ နာရီတွင် စထရင်းဟိုတယ်၌ ကျင်းပသည့် န၀မအကြိမ်မြောက် ဆရာဝန်တင်ရွှေ စာပေဆုပေးပွဲကို လည်းကောင်း၊ ညနေ ၆ နာရီတွင် ကုန်သည်ကြီးများဟိုတယ်၌ ကျင်းပသည့် ဆဋ္ဌမအကြိမ် သုတစွယ်စုံ စာပေ ဆုပေးပွဲကြီးကိုလည်းကောင်း စာပေ ပညာရှင်များပါ စုံညီစွာ တက်ရောက် ခဲ့ကြသည်။

“ကိုယ့်ရေးဖော်ရေးဖက်တွေရဲ့ အားထုတ်ထားတာလေးတွေ၊ ကျွန်တော် ရေးထားတာလေးတွေကို အသိအမှတ် ပြုတဲ့ စာပေဆုအတွက် ၀မ်း သာတာပေါ့”ဟု စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)က သုတစွယ်စုံ စာပေဆု ချီးမြှင့် ပွဲတွင် ပြောသည်။

“မြန်မာနိုင်ငံမှာ စာအုပ်တွေ အများ ကြီးထွက်ပါတယ်။ နိုင်ငံတော်က ချီးမြှင့် တဲ့ စာပေဗိမာန်ဆုနဲ့ အမျိုးသားစာပေ ဆုတွေက မလုံလောက်ပါဘူး။ တကယ်ကို တန်ဖိုးရှိပြီး ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တွေက အများကြီးပါပဲ။ အဲဒီ တော့ ဆုပေးလိုက်ရင် အနည်းဆုံးက တော့ ဒီစာအုပ်က ဖတ်သင့်တဲ့စာအုပ် ဆိုတာ ပြည်သူအများသိသွားကြ တယ်။ အသိအမှတ်ပြုလိုက်တဲ့ အကျိုး ကျေးဇူးက မြားမြောင်လှတဲ့စာအုပ်တွေ ကြားထဲမှာ စာဖတ်ပရိသတ်က ရွေးချယ် ခွင့်ရသွားတယ်”ဟု ဦးကိုကို (စက်မှုတက္ကသိုလ်) ကလည်း ဆိုသည်။

သုတစွယ်စုံ တစ်သက်တာစာပေဆုရ စာရေးဆရာ၊ ကဗျာဆရာ မင်းယုဝေက ဆုပေးပွဲအပြီးမှာ “အခုလို ဆုပေးပွဲတွေများများ ကျင်းပနိုင်လေ ကောင်းလေပါပဲ”ဟု ပြောကြားသည်။


ဆဋ္ဌမအကြိမ် သုတစွယ်စုံ စာပေဆုပေးအပ်ပွဲတွင် စာရေးဆရာကြီး ဆရာနတ်နွယ်၏ ကျန်းမာရေးအတွက် သားဖြစ်သူအား ဒေါက်တာတင်ထွန်းဦးနှင့် ဇနီးတို့က အလှုငွေပေးအပ်စဉ်။
ဓာတ်ပုံ – အေးဇော်မျိုး

န၀မအကြိမ်မြောက် ဆရာဝန်တင် ရွှေစာပေဆုချီးမြှင့်ပွဲတွင် ‘နောင်တ ကင်းရာသို့’ စာအုပ်ဖြင့် ဆုရခဲ့သူ ဆရာ နန္ဒာသိန်းဇံက “လူတွေ တည်ဆောက် ဖန်တီးထားတဲ့ လမ်းတွေ၊ တံတားတွေ၊ အဆောက် အအုံတွေ၊ ဘုရားပုထိုးနဲ့ စက်ရုံကြီးတွေကို ကိုင်တွယ်လို့ ရတဲ့ ယဉ်ကျေးမှုကို ဒုတိယ၀န်းကျင်လို့ ခေါ်ပါတယ်။ ကိုင်တွယ်လို့မရတဲ့ ယဉ်ကျေးမှု ကတော့ လူတွေရဲ့ အတွေးအမြင်၊ လူရဲ့ စိတ်ကူး စိတ်သန်း၊ လူတွေရဲ့ ဆန္ဒတွေ ကတော့ မြင်လို့မရတဲ့၊ ကိုင်တွယ်လို့မရတဲ့ ယဉ် ကျေးမှုတွေပါ။ ကိုင်တွယ် ကြည့်ရှုမြင်လို့ရတဲ့ လူတွေ တည်ဆောက် ထားတဲ့ဝန်းကျင်ကို တကယ်တမ်း သယ်ဆောင်လာတာကတော့ လူ့ရဲ့ စိတ်ကူးစိတ်သန်း၊ ဆန္ဒနဲ့လူရဲ့ အသိ ဉာဏ်တွေပဲ ဖြစ်ပါတယ်။” “ကျွန်တော်တို့ ရေးသားပြုစုခဲ့တဲ့ စာပေတွေကို ဒီစာပေကောင်းတယ်၊ ဒီစာပေက တစ်တိုင်းတစ်ပြည်လုံးကို အကျိုးပြုတယ်ဆိုပြီး ဆုပေး လိုက်တာဟာ တန်ဖိုးဖြတ်လိုက်တာပါ”ဟု ၎င်းက ပြောကြားသည်။

န၀မအကြိမ်မြောက် ဆရာဝန်တင် ရွှေစာပေဆုပေးပွဲတွင် ဆရာ မောင်ဆွေသက်က ‘ကဒူးမမှ မော်ဖသို့’၊ ဆရာ နန္ဒာ သိန်းဇံက ‘နောင်တကင်းရာသို့’၊ ပါမောက္ခ ဒေါက်တာမြင့်မောင်မောင် က ‘မျိုးပွားကျန်းမာရေးဆိုင်ရာ အသိ ပညာပေး (ပေါင်းချုပ်)’၊ ဆရာမောင် ခိုင်ဇော်က “Knowledgeable Facts about Myanmar Traditional Culture and Heritage” စာအုပ်ဖြင့် ဆုများ ရရှိခဲ့ကြသည်။

“စာပေဆုဆိုတာကတော့ စာရေးဆရာတွေအတွက် အားတက်စရာပေါ့။ စာရေးဆရာကို လေးလေးစားစား ချီးမြှင့်တဲ့ စာပေဆုတွေ ပေါ့။ အင်မတန် ၀မ်းသာစရာကောင်းပါတယ်။ စာပေဆုက အရင်က အစိုးရကပေးတဲ့ စာပေဆုလောက်ပဲရှိတယ်။ အရင်က ရှုမ၀က ပေးတဲ့ ဆုလည်းရှိတယ်။ ပုဂ္ဂလိက ကပေးတာ တော်တော်နည်းပါတယ်။ အခုနောက်ပိုင်းမှာ စာပေဆုပေးပွဲတွေ တော်တော်များလာ ပါတယ်။ ဒီထက်ပိုများရင်တော့ ကောင်းမှာပါ” ဟု သုတစွယ်စုံ စာပေဆုပေးပွဲတွင် ဆရာမောင်ဝံသက ပြောသည်။

“ဒီမှာလည်း ဖြူးတို့၊ မိုးကုတ်တို့ကလည်း စာပေဆုပေးတာမျိုးတွေ ရှိ တယ်။ အဲဒီတော့ မြို့အလိုက် စာပေ အနုပညာရှင်တွေကို စာပေ၀ါသနာရှင် တွေက စာပေရွေးချယ်ရေး အဖွဲ့ ဖွဲ့ပြီး စာပေဆုတွေကို ဒေသအလိုက် ပေးမယ်ဆိုရင် တိုင်းပြည်အတွက် ပို ကောင်းနိုင်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

ဆဋ္ဌမအကြိမ် သုတစွယ်စုံ စာပေဆု ရရှိသူများမှာ ဦးဝင်းမောင် (ဆရာ မင်းယုဝေ)က သုတစွယ်စုံ တစ်သက်တာ စာပေဆု၊ မောင်ခင်မင် (ဓနုဖြူ)က အိုဆာကာဧည့်သည်၊ မောင်မိုးသူက လွမ်းတော်မူဖို့ စာကိုစီတယ်၊ ကိုဆွေ (ပန်နိုရားမား)က အတိုင်းမသိ စကြ၀ဠာ၊ ကြည်ရွှန်းက စီးပွားအောင်ခြင်း၊ ဖေမြင့် က စာအုပ်ကမ္ဘာနှင့် ၀င်းထွဋ်ဇော်က နိဂုံးမဟုတ်သော နိဂုံး သို့မဟုတ် ရေနံ စွမ်းအင်၏ စိန်ခေါ်မှုများ စာအုပ်ဖြင့် ဆုများ အသီးသီး ရရှိခဲ့ကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: