Just another WordPress.com site

ချစ်ရမယ့်သူ မတွေ့သေးဘူး အချစ်ဆုံးကတော့ သားပဲလို့ပြောကြားခဲ့တဲ့

အေးအေးခိုင်

အနုပညာလောကမှာ အေးအေးအေးခိုင် ဆိုတဲ့ အမည်တစ်လုံးနဲ့ ပရိသတ်တွေကို ဆွဲဆောင်မှုရှိရှိနဲ့ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူ သားတစ်ယောက်အမေ မုဆိုးမတစ်ယောက် အဖြစ် ပရိသတ်က စံထားပြီး ကရုဏာသက်ဝင် ချစ်ခင်ခံရသူ အေးအေးခိုင်အား တွေ့ဆုံခိုက် သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ အေးအေးခိုင်က သူမကိုမေးချင်ရင် သူမနာမည်ကို မှန်အောင်ခေါ်နိုင်လား လို့လည်း ဟာသနှောပြီး မေးခဲ့ပါသေးတယ်။ ”အစ်မ နာမည်ကို တချို့သတင်းထောက်တွေက မှန်အောင် မခေါ်နိုင်ကြဘူး။ တချို့ကျတော့လည်း မျိုးမျိုးခိုင်နဲ့ မှားတယ်၊ တချို့ကျတော့လည်း အေးအေးဝင်းနဲ့ မှားတယ်လို့လည်း အရယ်ဖောက်ပြီး ပြောပြခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာအေးအေးခိုင်က သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ သူ့ရဲ့အိမ်ထောင်ရေးကိုပရိသတ်ကြီးကို မကွယ်မဝှက်တမ်း ပြောပြခဲ့ပါတယ်။”အစ်မ (၁၂)ရက်နေ့က ဒါရိုက်ကျော်ဇောလင်းရိုက်တဲ့ ဘွန်တောဒေါ့ကွန်း ဆိုတဲ့ကားလေးကို နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့နဲ့ ရိုက်ခဲ့ပါတယ်။

အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း . . .

အစ်မ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အိမ်ထောင်မပြုဘူးလို့ အတိအကျ မပြောဖူးဆိုတာက တော်ကြာကျရင် လူဆိုတာ ပြောလို့မရဘူးလေ။ လူဆိုတာ ကိုယ့်ဘဝအတွက် လုံခြုံပြီးကောင်းတဲ့လူနဲ့တွေ့လို့ ကိုယ်ယူရင်ဟယ် သူက ဟိုတုန်းကတော့ အဲ့လိုပြောတယ်လို့ ဖြစ်မှာစိုးလို့ပါ။ ဒါပေမဲ့ တကယ်တမ်း =ကျတော့ အစ်မဘဝမှာ ရှင်းရှင်းပြောရရင် မလိုပါဘူး။ အစ်မက ဟိုဘက်ဒီဘက် အသိုင်းအဝိုင်းမှာ ကလေးလိုဖြစ်နေတာပေါ့။ အစ်မရဲ့မိဘ၊ မောင်နှမတွေဘက်မှာ အစ်မက သမီးလေးတစ်ယောက်လို ပြန်ဖြစ်သွားတယ်။ ယောက္ခမ ဘက်ကျပြန်တော့လည်း သူတို့က ကလေးတစ်ယောက်လို စောင့်ရှောက်တဲ့ အခါကျတော့ လိုတော့မလိုပေမယ့် အချစ်ဆိုတာက မျက်စိရှိတာ မဟုတ်တော့ ခြေချော်လက်ချော် ဖြစ်သွားခဲ့ရင်ဆိုပြီး ကြိုပလ္လင်ခံလိုက်တာပါ။

ချစ်ရမယ့်သူက သားပဲဆိုတာကိုလည်း . . .

ချစ်ရမယ့်သူတော့မတွေ့သေးပါဘူး။ အချစ်ဆုံးကတော့ သားသားပါပဲ။ ချစ်ရမယ့်သူတွေ့ရင်လည်း သားနဲ့ကသိပ်ပြောစရာမလိုပါဘူး။ အစ်မပဲ စဉ်းစား ရမှာပါ။ ကိုယ်ရှာကျွေးမယ့်လူမျိုးကိုလည်းမစဉ်းစားချင်ဘူး။ ကိုယ့်အပေါ် နားလည်မယ်၊ စဉ်းစားသင့်တဲ့သူဆိုရင်စဉ်းစားရမှာပေါ့။ သားရဲ့နောင်ရေးလည်း ပါတာပေါ့။ ဒါပေမဲ့ အဲ့ဒါကြီးကို အစ်မ,မစဉ်းစားပါဘူး။ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ် နေတာပဲလေ။ တကယ်လို့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ခလုတ်တိုက်မိလို့ ရင်ခုန်သွားမိရင်ပေါ့။

သားနဲ့ပတ်သက်ပြီး ဖြည့်ဆည်းပေးချင်နေတယ် ဆိုတာကိုလည်း

သားကို အကောင်းဆုံးဖြစ်အောင် အမြဲတမ်းလုပ်ပေးတယ်။ ကိုယ်ကလည်း ငယ်ငယ်လေးကတည်းက လက်ညှိုးညွှန်ရာ ရေဖြစ်ခဲ့တယ်။ မတောင့်မတ နေခဲ့ရတဲ့အတွက် ကိုယ့်သားလေးကို မပြည့်ဝမှာ အရမ်းဆိုးတယ်။ ဒါကြောင့် ကိုယ်ရှာသမျှက သားအတွက်ပဲ။ သားက အဖေမရှိတာ တစ်ခုပဲရှိတယ်။ ပြည့်စုံအောင် အကုန်ထားတယ်။ အဖေမရှိတာလေး တစ်ခုပဲ သူမျက်နှာငယ်ရမယ်၊ ကျန်တာ သူမျက်နှာငယ်စရာ မရှိစေရဘူး ဆိုတဲ့စိတ်ကလေး အစ်မထားတယ်။ သားကစာလည်း တော်တယ်။ သူ့ကိုမေးလိုက်ရင် ဆရာဝန်လုပ်မယ်ပဲ။ ဒါကြောင့် အစ်မက အတတ်နိုင်ဆုံးလုပ်ပေးမယ်။

သားနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

သူ့ကို ပညာရေးနဲ့ပတ်သက်ပြီး အများကြီး မျှော်လင့်ထားတယ်။ ကျန်တာကျတော့ အစ်မမှာ သားအတွက် ဘာမျှော်လင့်ချက်မှမထားဘဲ သူ့ကိုပဲ ပေးဆပ်နေချင်တယ်။ သူ့ဆီက ဘာပြန်လာပါစေဆိုတဲ့ မျှော်လင့်ချက်မထားဘူး။ ကိုယ့်ကုသိုလ်ကံပဲ။ ကိုယ်က မွေးထားတာ ယောက်ျားလေးလေ။ မိန်းကလေး မဟုတ်တဲ့အတွက် မျှော်လင့်ချက်တွေ အရမ်းထားပြီး ကိုယ့်ဆီ ပြန်မလာရင်ဆိုပြီး တရားသဘောနဲ့ပဲ ဖြေတယ်။ သားက အနုပညာနဲ့ပတ်သက်ပြီး ငယ်ငယ်တုန်းကတော့ ဝါသနာပါတယ်။ အခုတော့ ကြော်ငြာရိုက်တာတွေ ဝါသနာပါတယ်။ အဆိုကို ဝါသနာပါတယ်။ သားက အနုပညာအလုပ်, လုပ်မယ်ဆိုရင်တော့ လုပ်ပေးမယ်။ ဒါပေမဲ့ အစ်မကလည်း ဒီလောကထဲမှာ အလုပ်လုပ်နေတော့ သားပင်ပန်းမှာကို မကြည့်ရက်ဘူး။ ကိုယ်ပဲ အပင်ပန်း ခံလိုက်ချင်တယ်”ဟုပြောကြားခဲ့သည်။

ကေတူးအိတ်ခ်ျ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: