Just another WordPress.com site

နိုင်ငံ့ဝန်ထမ်းစာမေးပွဲဖြေဖို့အတွက် နေပြည်တော်ကို ၂၀၀၆ – ၂၀၀၇ ခုနှစ်မှာ စတင်ရောက်ရှိခဲ့ရသည်။တကယ်တော့ နေပြည် တော်ဆိုတာ ကျွန်တော့အတွက် ငယ်စဉ်ကပင် ရင်းနှီး ခဲ့ရပြီး ဖြစ်သည်။သို့သော် ထိုစဉ်က နေပြည်တော်ဟု အမည်မတွင်သေး။ ရန်ကုန်-မန်းတလေးမီးရထားလမ်းမကြီးပေါ်က ပျဉ်းမနား ဟု အမည်တွင်သော ရထားဘူတာရုံမြို့ကလေးတစ်မြို့သာဖြစ်သည်။ ထိုမြို့ကလေးကား ကျွန်တော်နှင့် ရင်းနှီးနေပြီးသား ဖြစ်သည်။ ရန်ကုန်-မန်းတလေးအစုန်အဆန်သွားလာရင်း ထိုမြို့လေးသည် ကျွန်တော်၏မှတ်ဥာဏ်တွင် ခိုင်မာစွာ တည်ရှိလာခဲ့သည်။ ထိုစဉ်က ပျဉ်းမနားဘူတာရုံသည် မန်းတလေးမှ ရထားစီးလာပါက မနက်လေးနာရီခန့်တွင် ရောက်ရှိမည်ဖြစ်ပြီး ရေရမယ်ရေ ပျဉ်းမနားမျှစ်ချဉ်ကောင်း ကောင်း လေးရမယ်ဆိုသည့် အသံများနှင့်အတူ အိပ်နေရာမှ နိုးလာခဲ့ရဖူးသည်။ထိုစဉ်က ကျွန်တော၏အသက်မှာ မူလတန်း အောင် ကျောင်းသားအရွယ်မျှသာ ရှိသေးသော်လည်း ပျဉ်းမနား ဘူတာရုံလေးကိုကား နှစ်သက်နေမိလေသည်။ မန်းတလေးမှ ညရထားစီးလာသည့်အခါတိုင်း မနက်လေးနာရီခန့်တွင် ရောက်ရ မြဲ ထိုဘူတာရုံလေး၏မြင်ကွင်းများ၊အသံများကို ယခု အချိန်ထိ စိတ်ထဲတွင် စွဲထင်မြင်ယောင်နေဆဲဖြစ်သည်။
ထိုပျဉ်းမနားဘူတာရုံလေးသည် နေပြည်တော်၏ အစပိုင်း ကာလ နေပြည်တော်၏မျက်နှာစာဖြစ်လာခဲ့သည်မှာ ၂၀၀၅ ခုနှစ် တွင် စတင်လာခဲ့သည်။ကျွန်တော်နှင့်ကား ၂၀၀၆ ခုနှစ် နိုင်ငံ ခြား ရေးဝန်ကြီးဌာန ဌာနစုမှုး-၂ ၀န်ထမ်းရွေးချယ်ရေး အဖွဲ့စာမေးပွဲ ဖြေဆိုသည့်အချိန်တွင် ပိုမိုရင်းနှီးလာခဲ့ရသည်။
မဟာဘွဲ့ ရပြီး မဟာသုတေသန သင်တန်းကို တက်ရောက် နေစဉ် နေပြည်တော် မြို့တော်သစ်တည်ဆောက် ရေးလုပ်ငန်း များ ပီပြင်လာခဲ့သည်သာမက ၀န်ကြီးဌာနအချို့၏လုပ်ငန်း များ ကိုလည်း နေပြည်တော်သို့ ပြောင်းရွေ့ဆောင်ရွက် နေခဲ့ပြီဖြစ် သည်။
နေပြည်တော်တည်ဆောက်ဆဲကာလဖြစ်သောကြောင့် ပျဉ်းမနားမြို့သည် လူဝင်လူထွက်များပြားကာ မြို့ပြဆန်လာခဲ့ သည်။ ပျဉ်းမနားဘူတာရုံလေးသည်လည်း တိုးတက် လာသော ခရီးသည်များနှင့်အတူ ရှင်သန်နိုးထလာခဲ့သည်။ ပျဉ်းမနားမြို့သူ မြို့သားများသည်လည်း အလုပ်အကိုင် အခွင့်အရေးများ ပိုမို တိုး တက်လာခဲ့သည်။ သာသနိကအဆောက်အဦများသည်လည်း ရန်ကုန်သားများအပါအ၀င် အနယ်နယ်အရပ်ရပ်က လူများ၏ ဖူးမြော်မှုကို ပိုမိုရရှိလာခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: