Just another WordPress.com site

သူ့ကို ၂၃၇ အထူးလိုင်းကားပေါ်မှာ စတွေ့ခဲ့တယ်။သူက အဲဒီတုန်းက ပန်းနုေ၇ာင်ဝမ်းဆက်လေးကို ၀တ်ထားတယ်။၂၀၁၀ ခုနှစ် ဒီဇင်ဘာ လကုန်ရက်တစ်ရက်မှာပေါ့။သူ့ရဲ့လက်ထဲမှာလည်း ဖိုင်တစ်ဖိုင်ကိုလည်းကိုင်ထားသေးတယ်။ ဒါနဲ့ သူကို ကျွန်တော့ ဘေး မှာ လာထိုင်ခဲ့ကတည်းက အကဲခတ်နေမိတယ်။အဲဒီအချိန် မှာ သူက ဆံပင်တွေကို စုစည်းဖို့ ကြိုးစားနေတယ်။ဖိုင်တစ်ဖက်နဲ့ ဆိုတော့ အဆင်မပြေပါဘူး။ဒါနဲ့ သူ့ဖိုင်ကို ကျွန်တော်ကိုင်ပေး လိုက်တယ်။သူ့ဆီက ကျေးဇူးတင်တယ်ဆိုတဲ့ စကားလေးနဲ့အတူ အသိအမှတ်ပြုအပြုံးလေးတွေပိုင်ဆိုင်ခဲ့ရတယ်။သူက ၃၅ ရပ်ကွက်မှတ်တိုင်က စိန်ပေါမှတ်တိုင်အထိစီးလာတာဆိုတော့ တစ်လမ်းလုံး အတူစီးလာရတယ်။ ဆင်းရမယ့် မှတ်တိုင်ရောက် လို့ သူရောကျွန်တော်ပါ ဆင်းလာခဲံတယ်။ သူ့ကို ကားပေါ် က အဆင်း မှာ ဘယ်ကိုသွားမလို့လဲ စကားစလိုက်တော့ သင်တန်း သွားမလို့ပါ လို့ ဖြေတယ်။ ဒါနဲ့ သူက ဘယ်မှာ အလုပ်ဝင် နေ တာလဲ မေးတော့ ရန်ကင်းမြို့နယ်က ဆေးခန်းကြီးတစ်ခန်းမှာ ထိုင်ပါတယ်။အထွေထွေရောဂါကု ဆရာဝန်ပါလို့ ဖြေလိုက်တော့ ကျွန်တော်အံ့သြသွားမိတယ်။ရိုးရိုးယဉ်ယဉ်လေးနဲ့ ချောတဲ့သူလေး က ဆရာဝန်ဖြစ်နေလို့။ ဒါနဲ့ သူကလည်း ဘာလုပ်သလဲ။ဘယ်မှာ နေလဲစတာတွေ ပြန်မေးတော့ သူနဲ့ ကျွန်တော်ခင်သွားပြီပေါ့။သူ က သင်တန်းရှိတဲ့ တိုက်ပေါ်တက်သွားတော့မယ်လို့ နှုတ်ဆက် တော့ မှပဲ သူ့နာမည်ကို မေးရတော့တယ်။ ဒါက သူနဲ့ ကျွန်တော် ရဲ့ တွေ့ဆုံခြင်းနိဒါန်းပေါ့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: