Just another WordPress.com site

နွမ်ဘွိုင်း
အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ – ၅၊၅ ၊ ၂၀၁၁)

လာမယ့် မေလ ၁ ရက်နေ့ စင်ကာပူနိုင်ငံ D’ Marquee Indoor Stadium မှာ ပြုလုပ်မယ့် မြန်မာအဆိုတော်တွေ ဖျော်ဖြေမယ့်ရှိုးပွဲကို MRTV-4 အဖွဲ့သားတွေ သွားရောက်ရိုက်ကူးမှာဖြစ်ပြီး MRTV-4 ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ပွဲအပြီး နောက်တစ်နေ့ကစပြီး ပွဲစဉ် တစ်ခုလုံးကို အပိုင်းလိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

“Legendary Journey”လို့ အမည်ပေးထားပြီး အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ သျှီ၊ Lဆိုင်းဇီ၊ ချစ်သု ဝေ၊ ချမ်းချမ်း၊ ၀ိုင်းစုခိုင်သိန်းနဲ့ အေသင်ချိုဆွေတို့ ဖျော်ဖြေကြမယ့် ဒီပွဲကို ရိုက်ကူးဖို့အတွက် MRTV-4 ၀ိုင်းတော်သား စုစုပေါင်း ၂၂ ယောက် စင်ကာပူနိုင်ငံကို သွားရောက်ကြမှာ ဖြစ်ပါတယ်။

MRTV-4 ရုပ်မြင်သံကြားအနေနဲ့ စက်မှုလက်မှု၊ ပညာရေး၊ဌာနဆိုင်ရာ၊မှတ်တမ်းရုပ်ရှင်စတဲ့ ပရိုဂရမ်ပေါင်း ၂၀၀န်းကျင်ကို ပြည်ပ နိုင်ငံတွေမှာ သွားရောက်ရိုက်ကူးပြီး ထုတ်လွှင့် ခဲ့ပေမယ့် ပြည်ပဖျော်ဖြေရေး ရိုက်ကူးမှုကတော့ ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ MRTV-4 မှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

“ကိုညီထွဋ်ကနေတစ်ဆင့် သိရတဲ့ပွဲ ဆိုတော့ သူနဲ့ရင်းနှီးမှုအရ ယုံကြည်မှုရှိ တယ်။ ပြီးတော့ ပွဲလုပ်မယ့်သူနဲ့ တိုက်ရိုက်ပြောတဲ့အခါ ပြောတဲ့ပုံစံတွေက နည်းမှန်လမ်းမှန်ရှိလို့ လက်ခံဖြစ်ခဲ့တာပါ”လို့ တချို့ပြည်ပပွဲတွေကို ရိုက်ကူး ထုတ်လွှင့်ဖို့ ငြင်းဆိုခဲ့ပေမယ့် ဒီပွဲကို လက်ခံဖြစ်တဲ့ အကြောင်းကို ရှင်းပြပါတယ်။

ဒါပေမယ့် သူက ဒီလို ပြည်ပပွဲတွေကို လက်ခံဖို့၊ လက်မခံဖို့ ဆုံးဖြတ်တဲ့အခါ ပုံသေသတ်မှတ်ထားတာမျိုးမရှိဘဲ အခြေအနေအချိန် အခါပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖျော်ဖြေပွဲကို Falcon Breeze International Pte Ltd & Myanmar Digital Signature Co Ltd တို့က ပူးပေါင်း စီစဉ်တာ ဖြစ်ပြီး ပွဲချိန်က ညနေ ၅ နာရီကနေ ည ၉ နာရီခွဲ အထိပဲဖြစ် ပါတယ်။ လက်မှတ်ဈေးနှုန်းတွေကတော့ စင်ကာပူဒေါ်လာ ၄၀၊ ၆၀ နဲ့ ၈၀ အသီးသီး သတ်မှတ်ထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: