Just another WordPress.com site

ဖိုးဝေကျော်
အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ – ၅၊၅ ၊ ၂၀၁၁)


‘င’ ရပ်ကွက်အပိုင်းတွင် ပါဝင်သော ၆၂ လမ်းအနောက်ခြမ်းပေါ်မှ
အိမ်ခြံမြေအကွက်အကွင်းတစ်ကွက်ကို တွေ့ရစဉ်။
ဓာတ်ပုံ- ဖြိုးဝေကျော်

မန္တလေးက မြို့သစ်ရပ်ကွက်ကြီးတွေထဲမှာ ‘င’ရပ်ကွက်ဟာရင်းနှီးမြှုပ်နှံ ရင်အကျိုးမြတ် ကောင်းရနိုင်မယ့် အလားအလာကောင်းများ ရှိနေတယ် လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

မြို့သစ်ရပ်ကွက်ကြီးကို ‘င’ ရပ်ကွက် အပါအ၀င် ‘ဃ’၊ ‘စ’၊ ‘ဆ’၊ ‘ဇ’၊ ‘ဈ’စတဲ့ ရပ်ကွက်တွေနဲ့ ပါဝင်ဖွဲ့စည်း ထားတာပါ။ ပြီးတော့လည်း မြို့သစ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) ဆိုပြီးထပ်မံပိုင်းခြား ထားရာမှာ ‘င’ ရပ်ကွက်ဟာ မြို့သစ်(၃) ထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် အရပ်အခေါ် ဝန်ထမ်း ကွက်လို့ခေါ်တဲ့ ‘ဏ’၊ ‘တ’ ရပ်ကွက်တွေ ဟာလည်း မြို့သစ် ရပ်ကွက်ကြီးထဲ ပါဝင်နေပါတယ်။

မြို့သစ်မှာအိမ်မြေ၀ယ်ဖို့ စိတ်ကူးသူတိုင်း မဖြစ်မနေထည့်သွင်း စဉ်းစား ဖြစ်တဲ့  နေရာထဲမှာ ‘င’ ရပ်ကွက် ပါဝင်လာပါတယ်။

“င ရပ်ကွက်မှာ မြေကွက်တွေကို ပေ ၄၀ x ပေ ၆၀ ကွက်တွေရိုက်ထားပါ တယ်။ လမ်းတွေ အကွက်ချထားပုံကလည်း လှတယ်။ ပြီးတော့ ဈေး၊ ကျောင်း၊ ဆေးရုံ၊ တက္ကသိုလ်တွေလည်း နီးတယ်။ ဒါတွေဟာ ‘င’ ရပ်ကွက်ကို လူနေထိုင်မှုများပြီး ဈေးကွက်ခိုင်မာစေ တဲ့ အကြောင်းရင်းတွေပါပဲ”လို့ မြို့သစ် က အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

ဒီ ရပ်ကွက်ကိုလည်း င-၁၊ င-၂ ကနေ င-၆ အထိ ထပ်ခွဲထားပါသေး တယ်။ ဒီရပ်ကွက်ရဲ့ လက်ရှိအိမ်ခြံမြေ ပေါက် ဈေးဟာ ရပ်ကွက် အတွင်းပိုင်း ကြား ကွက်တွေမှာ ပေ ၄၀x ပေ ၆၀ တစ်ကွက်ကို အနိမ့်ဆုံး ကျပ်သိန်း ၁,၀၀၀ ၀န်းကျင်ကနေ ဈေးစခေါ် နေကြတာ တွေ့ရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကနဲ့စာရင် အဆပေါင်းများစွာ ဈေးကွာခြား ခဲ့ပြီ ဖစ်     ပါတယ်။

“ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်၊ ၁၅ နှစ် လောက်တုန်းက ရပ်ကွက်အတွင်းပိုင်း သိပ်မကျတဲ့ မြေကွက်တွေ၊ ဥပမာ ၆၂ လမ်းကျောကပ်လို၊ မနော်ဟရီလမ်း ကျောကပ်လို မြေကွက်တွေမှာ ပေ ၄၀xပေ ၆၀ အကျယ်မြေကွက် တစ်ကွက်တန်ကြေးက ကျပ်သိန်း ၂၀ ၀န်းကျင်ပဲ ဈေးရှိခဲ့ပါတယ်။ အခုတော့ အဲဒီလိုအကွက်အကွင်းလှတဲ့ နေရာတွေက အဆောက်အအုံတန်ဖိုးမပါဘဲ မြေချည်း အနိမ့်ဆုံးကျပ်သိန်း ၁,၅၀၀ နဲ့အထက်မှာ ဈေးခေါ်နေကြပါတယ်”လို့ အကျိုးဆောင်တွေက ဆက်ပြောပါတယ်။

‘င’ ရပ်ကွက်မှာ နေထိုင်ချင်ပေမယ့် မြေတစ်ကွက်လုံး အပြည့်ဝယ်ဖို့ ဈေးနှုန်းမနိုင်တဲ့ သူတွေကတော့ အတွင်းပိုင်းကျတဲ့ ကြားကွက် တွေမှာပဲ တစ်ကွက်လုံးကို တစ်ခြမ်းပိုင်းပြီး မျက်နှာဖွင့် ပေ ၂၀ xအရှေ့အနောက်အလျား ပေ ၆၀ အကျယ်ကိုလည်း ၀ယ်ယူကြပါ တယ်။

ဒါကြောင့် ‘င’ရပ်ကွက်ထဲက အတွင်းပိုင်းတချို့မှာမျက်နှာဖွင့်ပေ ၂၀ အိမ်ခြံတွေကိုလည်း တွေ့ရမှာပါ။ ဒီလိုအနေအထားမှာကွက်ပြည့် များပြီး အဆောက် အအုံကောင်းတွေနဲ့ အခြေချ ထားတဲ့ရပ်ကွက်တွေဟာ ခေါ်ဈေး ပိုကောင်းကြတယ်လို့ သိရပါတယ်။

“ရပ်ကွက်တွေရဲ့ အတွင်းလမ်းတွေ အကုန်လုံးနီးနီးက ကတ္တရာလမ်းတွေ ပါ။ ပြီးတော့ အခုနောက်ပိုင်းမှာ အဆောက်အအုံ ကောင်း တွေလည်း အတော်များလာတာ တွေ့ရပါတယ်။ ဒီဘက်က မြေဈေးနှုန်းတွေက အရှိန် ကောင်းနဲ့ ဆက်ကောင်းနေဦးမှာပါပဲ” လို့ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

ဒီ ‘င’ ရပ်ကွက်ထဲမှာ အဓိကလမ်း မတန်းတွေပေါ်မှာ ရှိနေတဲ့ အိမ်မြေ ဈေး နှုန်းတွေဟာ တခြားကြားကွက်တွေနဲ့ ယှဉ်ရင် အတော် လေးဈေးကွာခြားနေ တာကို တွေ့ရပါတယ်။ ‘င’ ရပ်ကွက်ထဲ မှာ ၆၂ လမ်းပေါ်ရောက်နေရင် တစ်ကွက်ကို အနိမ့်ဆုံးကျပ်သိန်း ၆,၀၀၀၊ ၇,၀၀၀ ဈေးရှိပြီး မနော်ဟရီလမ်းပေါ်မှာဆိုရင် အနိမ့်ဆုံး ကျပ် သိန်း ၅,၀၀၀ ဈေးခေါ်ကြတာ တွေ့ရပါတယ်။

ပြီးတော့ လူကြိုက်များတဲ့ ဇလပ်ဝါ လမ်းနဲ့ ငုရွှေဝါ လမ်းပေါ်က အိမ်မြေတွေပါပဲ။ ဒီလမ်းတွေဟာ လမ်းကောင်း လမ်းကျယ်တွေ လည်းဖြစ်ပါတယ်။

“င ရပ်ကွက်မှာ နေဖို့ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ဖြစ်ဖြစ် စဉ်းစားရင်မမှားပါဘူး။ နေရာအကွက်အကွင်းလှရင် ပိုပြီးလက်လွှတ်မခံသင့်ဘူး။ တကယ့်မိန်းလမ်းမ တွေပေါ် ငွေမနိုင်ရင်တောင် မိန်းလမ်းမနဲ့နီးတဲ့အပိုင်းတွေမှာ အခွင့်အရေးရရင်ဝယ်ဖြစ်အောင် ၀ယ်သင့်တာပေါ့။ မြို့သစ်ရဲ့နယ်နိမိတ်က အရှေ့ဖျားတွေအထိ ဆက်ကျယ်ပြန့်နေတော့ ဒီ ‘င’ ရပ်ကွက်အပိုင်းဟာ မြို့သစ်ရဲ့ အရေး အပါဆုံးအပိုင်း အဖြစ် ပိုပြီးပီပြင် လာနေပါတယ်”လို့ အကျိုးဆောင်တွေက ခြုံငုံသုံးသပ်ကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: