Just another WordPress.com site

နိုင်ငံတော်သမ္မတ အကြံပေး အဖြစ် ခန့်အပ်ခံရသူအချို့ ဧပြီလမှစ၍ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သတင်းရရှိပါသည်။

“ဧပြီလကစပြီး နေပြည်တော်မှာ စတင် တာဝန်ထမ်းဆောင်လျက် ရှိပါတယ်”ဟု နိုင်ငံတော်သမ္မတ အကြံပေး အဖွဲ့ဝင်တစ်ဦးက ပြောပြခဲ့သည်။

နိုင်ငံတော်သမ္မတသည် လိုအပ်သည့် အကြံဥာဏ်များ ရယူနိုင်ရေးအတွက် အကြံပေးအဖွဲ့ကို သင့်လျော်သည့် ဦးရေဖြင့် ဖွဲ့စည်းနိုင်ရာ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့သုံးဖွဲ့ကို ဧပြီလအတွင်းက ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ယင်းအဖွဲ့သုံးဖွဲ့မှာ နိုင်ငံရေး အကြံပေးအဖွဲ့၊ စီးပွားရေးအကြံပေးအဖွဲ့၊ ဥပဒေအကြံပေးအဖွဲ့တို့ ဖြစ် ကြပြီး အဖွဲ့တစ်ဖွဲ့လျှင် အဖွဲ့ခေါင်းဆောင် အပါအ၀င် သုံးဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

နိုင်ငံရေးအကြံပေးအဖွဲ့တွင် ဦးကိုကိုလှိုင်(အဖွဲ့ခေါင်းဆောင်)၊ ဒေါက် တာနေဇင်လတ်(အဖွဲ့ဝင်)၊ ဦးရဲတင့် (အဖွဲ့ဝင်)တို့ ဖြစ်ကြသည်။

စီးပွားရေးအကြံပေးအဖွဲ့တွင် ဒေါက်တာဦးမြင့်(အဖွဲ့ခေါင်းဆောင်)၊ ဦးဆက်အောင်(အဖွဲ့ဝင်)၊ ဒေါက်တာ စိန်လှဗိုလ်(အဖွဲ့ဝင်)တို့ဖြစ်ကြသည်။

ဒေါက်တာဦးမြင့်သည် ရန်ကုန် တက္ကသိုလ်မှ  BA (အင်္ဂလိပ်စာပေ၊ နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ)ဘွဲ့၊ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား တက္ကသိုလ်မှ PhD (ဘောဂ ဗေဒ) ဘွဲ့တို့ကို ရရှိခဲ့ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကော်မရှင်တို့တွင် တာဝန်အသီးသီး ထမ်းဆောင်ခဲ့သည်။

ဥပဒေအကြံပေးအဖွဲ့တွင် ရဲမှူးကြီးစစ်အေး(ငြိမ်း)(အဖွဲ့ခေါင်းဆောင်)၊ ဒေါ်ခင်မျိုးမြင့်(အဖွဲ့ဝင်)၊ ဦးသန်းကျော် (အဖွဲ့ဝင်)တို့ဖြစ်ကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: