Just another WordPress.com site

(၁၈) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မေလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး (၁၈) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို မေလ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ကျင်းပမည်ဖြစ်သည်။

ထို့ပြင် အာဆီယံ-အီးယူစီးပွားရေး ထိပ်သီးဆွေးနွေးပွဲကို မေလ ၅ ရက်နေ့၊ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို မေလ ၆ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်လိုကြောင်း မြန်မာနိုင်ငံက အာဆီယံသို့ မကြာသေးမီက ပြောကြားထားသည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ် တွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရန် စီစဉ်မှုများ ရှိခဲ့သော်လည်း အကြောင်းကြောင်းကြောင့် အလှည့်ကျဥက္ကဋ္ဌအဖြစ် မထမ်းဆောင်နိုင်ခဲ့ပေ။

မြန်မာနိုင်ငံသည် အာဆီယံ သို့ ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး အာဆီယံတွင် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒို နီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့ ပါဝင်ကာ အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: