Just another WordPress.com site

Posts tagged ‘ucsb.imis.com.mm နှင့် www.ucsb.gov.mm တို့ တွင် အသေးစိတ်ြ့ကည့်ရှုနိုင်ပါသည်။’

စာတည်းရာထူးခေါ်ယူခြင်း

၂၀၁၁ ခုနှစ်မေလ ၂၃ ရက် နေ့စွဲဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ (UCSB) က ပြန်ကြားရေးဝန်ကြီးဌာန၊ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေ ရေး လုပ်ငန်းတွင် လစ်လပ်လျှက်ရှိသော စာတည်း ရာထူးများအ တွက် လျှောက်လွှာများခေါ်ယူခဲ့ကြောင်း ၂၉-၅-၂၀၁၁ ရက်နေ့ မြန်မာ့ အ လင်းသတင်းစာပါ ကြော်ငြာချက်အရ သိရှိရသည်။
အဆိုပါရာထူးလျှောက်ထားသူသည် ပြည်ထောင်စု သမ်မတ မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး အမ်အေ(M.A) (သို့မဟုတ်) အမ်အက်စီ (M.Sc) မဟာဘွဲ့ ရရှိပြီးသူများ ဖြစ်ရမည်ဖြစ်သည်။ ၂၀-၆-၂၀၁၁ ရက်တွင် အသက် ၃၅ နှစ် (၀န်ထမ်းဖြစ်ပါက အသက် ၄၀)ထက် မကျော်လွန်သူလည်း ဖြစ်ရမည်။ ကျန်းမာရေးကောင်းမွန် ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံ သန်စွမ်းမှုရှိသူဖြစ်ရမည်။ ဟု သတ်မှတ်ထားသည်။လျှောက်လွှာများကို ပြည်ထောင်စုရာထူး ၀န် အဖွဲ့ ၊ ရုံးအမှတ် ၁၇ သို့ ၂၀-၆-၂၀၁၁ ရက်အရောက် ပေးပို့ရမည် ဖြစ်ပြီး ရေးဖြေစာမေးပွဲကို ၂၃-၇-၂၀၁၁ရက်နှင့် ၂၄-၇-၂၀၁၁ ရက်များတွင် နေပြည်တော်သို့ သွားရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သတင်းစာကြော်ငြာတွင် ဖော်ပြထားသည်။

Follow

Get every new post delivered to your Inbox.